(၁၀-၈-၂၀၂၁ ရက်၊ နေပြည်တော်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံဝန်ကြီး ဌာန(၁၁)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ video conference စနစ်ဖြင့် ကျင်းပခဲ့ရာ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းလက်ခံရရှိသည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီး များနှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) တွင် မြန်မာနိုင်ငံမှစီမံ ကိန်း (၂၂) ခုရရှိခဲ့သော်လည်း၊ “Biosafety level-3 Lab” တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ကျန်စီမံကိန်း(၂၁)ခုအတွက် အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သမားရိုးကျမဟုတ်သောလုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်နိုင်ငံများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမည့် စီမံကိန်းများအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အောက်တွင် အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပေးအပ်ခဲ့ပြီး၊ နှစ်စဉ် မဲခေါင်နိုင်ငံများသို့ နိုင်ငံအလိုက် စီမံကိန်းများ ခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ နှစ်မှ ၂၀၂၀ ကာလအတွင်း စီမံကိန်း (၅၁) ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ( ၁၆.၃) သန်းကို လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင် ရွက်ရန်ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

(10-8-2021, Nay Pyi Taw)

U Wunna Maung Lwin, Union Minister for Foreign Affairs of the Republic of the Union of Myanmar and H.E. Mr. Chen Hai, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Republic of the Union of Myanmar signed the agreement on the transfer of fund for Mekong-Lancang Special Fund (2021) projects, via video conference in the morning of 10th August 2021.

The Union Minister for International Cooperation, Union Ministers from project receiving Ministries, Deputy Minister, Permanent Secretary and Senior Officials from the Ministry of Foreign Affairs, and officials from the Embassy of the People’s Republic of China in Yangon participated in the signing ceremony.

Although Myanmar received a total of (22) projects under the Mekong-Lancang Cooperation Special Fund (2021), the transfer will be made over (6.1) million USD for (21) projects, and the fund for establishing “Biosafety level-3 Laboratory” project will be transferred once the internal process of fund supporter has completed. The projects to be implemented in Myanmar, covers in the areas of non-traditional security, human capital development, vaccine production for animal diseases, culture, agriculture, natural disaster protection, science and technology, environmental conservation, forestry, border trade, tourism and finance.

China solely established the Special Fund under the Mekong-Lancang Cooperation in 2017 to implement the projects supported to the socioeconomic development of Mekong countries, and granted the projects annually to each of Mekong countries.

Myanmar had received (51) projects between 2017 and 2020 with total value of USD (16.3) million.

The Mekong-Lancang Cooperation was initiated by the Chinese Premier Li Keqiang at the 17th ASEAN-China Summit held in Myanmar in 2014 to foster cooperation to narrow the development gap and attain sustainable development in the Mekong region. Mekong-Lancang Cooperation was officially launched in 2016 among six Mekong-Lancang countries comprising Cambodia, China, Lao PDR, Myanmar, Thailand and Viet Nam.

 

video conference 10 aug 2021 01

video conference 10 aug 2021 02

Consulate General will be closed on

  • 1st July 2021 (Thursday)
    Hong Kong SAR Establishment Day
  • 19th July 2021 (Monday)
    Martyrs' Day
  • 23rd July 2021 (Friday)
    Full Moon Day of Waso

Visa Hours

  • Monday ~ Friday
    (Except Holidays)
  • Moring: 9:00 ~ 12:00 hrs
    (Submission of the Application)
  • Afternoon: 15:00 ~ 17:00 hrs
    (Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

တိုင်ကြားရန်

mailbox icon

Myanmar

Consulate of the Republic of the Union of Myanmar

Address
Rm: 2401 - 2405 & 2436 - 2440
24/F, Sun Hung Kai Centre, 30 Harbour Road, Wanchai, Hong Kong.
Phone Number
(+852) 2845 0810, 2845 0811
Fax Number
(+852) 2845 0820