ကောင်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်
ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများတွင် နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအတွက် ရုံးဖွင့်ရက်များအတွင်း လျှောက်လွှာလက်ခံချိန် နံနက် (ဝ၉:၃၀) နာရီမှ (၁၂:၃၀) နာရီအတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြရန် လိုအပ်သည့် ကိစ္စများမှအပ ဆောင်ရွက်ချိန် (၃)ရက်ယူလျက် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း
၁၄-၁၁-၂၀၁၂ ရက်နေ့မှ စတင်ကာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များကို အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်နည်းတူ သက်တမ်း(၅)နှစ် သတ်မှတ်၍ ထုတ်ပေးလျက်ရှိပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သို့ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားပါက လက်ရှိကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြရန် လိုအပ်ပြီး၊ နိုင်ငံကူးလက်မှတ်ကြေး ဟောင်ကောင်ဒေါ်လာ (၂၀ဝ) နှင့် ပုံစံကြေး ဟောင်ကောင်ဒေါ်လာ (၄၀) တို့ကျသင့် မည်ဖြစ်ပါသည်။
သက်တမ်းကျော်လွန်နေသော မြန်မာနိုင်ငံကူးလက်မှတ်များ လဲလှယ်ရာတွင် နောက်ဆုံး အခွန်ဆောင်ထားသည့်ပြေစာမိတ္တူ လိုအပ်ပါသည်။ သက်တမ်းပြတ် (၂)နှစ်အောက်ကျော်လွန်သည့် မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်ဒဏ်ကြေး ပေးဆောင်ရန်မလိုပါ။ သက်တမ်းပြတ် (၂)နှစ်နှင့်အထက် ကျော်လွန်နေသည့် မြန်မာနိုင်ငံကူးလက်မှတ်များအတွက် ဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ (၁၂၀) ပေးဆောင်ရပါမည်။
မြန်မာနိုင်ငံကူးလက်မှတ် လဲလှယ်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် (မူရင်း+မိတ္တူ) နှင့်တကွ တင်ပြရမည့် စာရွက်စာတမ်းများ
- (က) အလုပ်လုပ်သူများအတွက် (PJ type)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- အလုပ်စာချုပ်မိတ္တူ (သို့မဟုတ်) အလုပ်ထောက်ခံစာ - (ခ) မှီခိုသူများအတွက် (PT type) (အလုပ်လုပ်သူ/ အခွန်ထမ်းသူအား မှီခိုခြင်း)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- မှီခိုခံမှ up to date အခွန်ဆောင်ထားသည့် ပြေစာမိတ္တူ
- လက်ထပ်စာချုပ်/ မိသားစုစာရင်း/ တော်စပ်ကြောင်း အထောက်အထား (မူရင်း+မိတ္တူ)
- မိမိမှီခိုသူ၏ အလုပ်ထောက်ခံစာ - (ဂ) မှီခိုသူများအတွက် (PT type) (နိုင်ငံခြားသားခင်ပွန်း မှီခို)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- လက်ထပ်စာချုပ်/ တော်စပ်ကြောင်း အထောက်အထား(မူရင်း + မိတ္တူ)
- အပြန်လေယာဉ်စရိတ် သွင်းထားသည့်ပြေစာနှင့် status ပြောင်းထားသည့်စာမိတ္တူ
- နိုင်ငံခြားသားခင်ပွန်း၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ID Card Copy
- နိုင်ငံခြားသားခင်ပွန်း မှီခို PT type စတင်ပြောင်းလဲမည့်သူများ လေယာဉ်စရိတ် ဟောင်ကောင်ဒေါ်လာ (၂၅၀ဝ)
နိုင်ငံခြားသားခင်ပွန်း မှီခိုသူ မြန်မာအမျိုးသမီးမှ အပြန်လေယာဉ်စရိတ် ပေးသွင်းခြင်း
နိုင်ငံခြားသားနှင့် လက်ထပ်ထားကာ မှီခိုအဖြစ်နေထိုင်သူ မြန်မာအမျိုးသမီးအနေဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် အပြန်လေယာဉ်စရိတ် ဟောင်ကောင်ဒေါ်လာ (၂၅၀ဝ) ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ပေးသွင်းရာတွင် နိုင်ငံကူးလက်မှတ်မူရင်း+မိတ္တူ၊ လက်ထပ် စာချုပ် မူရင်း+မိတ္တူတို့ တင်ပြရန် လိုအပ်ပြီး၊ ကောင်စစ်ဝန်ချုပ်ရုံးမှ လေယာဉ်စရိတ် ပေးသွင်း ပြီးကြောင်းပြေစာနှင့် နိုင်ငံခြားသားခင်ပွန်းမှီခိုသူဖြစ်ကြောင်း ထောက်ခံစာကို ဟောင်ကောင် ဒေါ်လာ (၂၀ဝ) ဖြင့် ထုတ်ပေးမည်ဖြစ်ပါသည်။
အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးမှသာ နိုင်ငံကူးလက်မှတ်အသစ် လဲလှယ်ခြင်း၊ ထောက်ခံစာ ရယူခြင်း စသည့် ကောင်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ နိုင်ငံသား စွန့်လွှတ်သည့်အခါဖြစ်စေ၊ အိမ်ထောင်ကွာရှင်းပြီး မြန်မာနိုင်ငံသို့ အပြီးပြန်လျှင်ဖြစ်စေ အဆိုပါလေယာဉ်စရိတ်ကို ကာယကံရှင်ထံ ပြန်ထုတ်ပေးပါသည်။
- (ဃ) ကျောင်းသား/ ကျောင်းသူများအတွက် (PE type)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy/ Visa Stay
- ကျောင်းသားကတ် (မူရင်း+မိတ္တူ)
- ကျောင်းထောက်ခံစာ (အချိန်ပြည့်ကျောင်းသားဖြစ်ကြောင်း) - (င) သံဃာတော်များအတွက် (PR type)
လျှောက်ထားအပ်ပါသည် ဘုရား...
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ - - ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- သာသနာဝင်ကတ်
- သက်ဆိုင်ရာကျောင်း၏ထောက်ခံစာ
မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မွေးကင်းစကလေးများအတွက် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း
- - မိဘများ၏ ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင်၊ ကလေး၏ ကိုယ်ရေးမှတ်တမ်း (တစ်စောင်လျှင် HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- - မိဘများ၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊ အလုပ်စာချုပ်မိတ္တူ
- - မိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- - မိဘများ၏ အခွန်ပြေစာမိတ္တူ
- - မွေးစာရင်းနှင့် မိဘများ၏အိမ်ထောင်စုစာရင်း (မူရင်း + မိတ္တူ)
- - မိဘများ၏ လက်ထပ်စာချုပ် (မူရင်း+မိတ္တူ)
- - မိဘများနှင့် ကလေး၏ ရောင်စုံဓါတ်ပုံ (၂)ပုံ
- - ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
အထက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ တင်ပြရန်လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ကျလာပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဆက်လက်ဆောင်ရွက်ပေးပါမည်။
ရေစို၊ စုတ်ပြဲ မြန်မာနိုင်ငံကူးလက်မှတ်များ အသစ်လဲလှယ်ခြင်း
မြန်မာနိုင်ငံကူးလက်မှတ်များ ရေစို၊ စုတ်ပြဲခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခြင်းများ ဖြစ်ပွားပါက ပျက်စီးဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ (၃၁၀ဝ) ပေးဆောင်ရပါမည်။ နိုင်ငံကူးလက်မှတ် လဲလှယ်ရန် လိုအပ်ချက်များမှာ အထက်ဖော်ပြပါ မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားများအတိုင်းပင်ဖြစ်ပါသည်။
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများမှ အသစ်ပြန်လည်လျှောက်ထားခြင်း
နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ တင်ပြရန်လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ကျလာပါက ဒဏ်ကြေးအဖြစ် ဟောင်ကောင်ဒေါ်လာ (၆၀ဝ) ကောက်ခံပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဆက်လက်ဆောင်ရွက်ပေးပါမည်။ အကယ်၍ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပြီးနောက် မြန်မာနိုင်ငံသို့ အပြီးပြန်မည့်သူများ/ မြန်မာနိုင်ငံမှ ခေတ္တအလည်အပတ်လာရောက်ပြီး နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများ အနေဖြင့် One way Certificate of Identity (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်) ကို ဟောင်ကောင်ဒေါ်လာ (၁၀ဝ) ဖြင့် လျှောက်ထားနိုင်ပါသည်။ ထိုသို့လျှောက်ထားရာတွင် ကောင်စစ်ဝန်ချုပ်ရုံးမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသို့ နိုင်ငံသားစိစစ်မှု ပြုလုပ်ပေးရန် ဆက်လက်တင်ပြပေးမည် ဖြစ်ပြီး၊ နိုင်ငံသား မှန်ကန်ပါက One way Certificate of Identity ထုတ်ပေးမည်ဖြစ်ပါ သည်-
- - ကိုယ်ရေးလျှောက်လွှာပုံစံ (ပျောက်ဆုံးသည့်ဖြစ်စဉ်ဖော်ပြရန်)၊ ကိုယ်ရေးရာဇဝင် (၂)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ (၂)စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- - ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ်မိတ္တူ
- - အလုပ်လုပ်သူဖြစ်ပါက ၃၁-၁၂-၂၀၁၁ အထိ အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာ
- - ID Card Copy
- - မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသည့် ဒေသရှိ ရဲစခန်းထောက်ခံစာ
- - နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ
- - လေယာဉ်လက်မှတ်မိတ္တူ (One Way Certificate of Identity လျှောက်ထားသူများအတွက်)
- - ရောင်စုံဓါတ်ပုံ (၃)ပုံ
- - ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white) (မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအတွက်)
မြန်မာနိုင်ငံကူးလက်မှတ်တွင် သီးသန့်အမည် ဖြည့်စွက်ခြင်း
မြန်မာနိုင်ငံကူးလက်မှတ်တွင် သီးသန့်အမည် ဖြည့်စွက်လိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ တင်ပြရန် လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ကျလာပါက သီးသန့်အမည် ဖြည့်စွက်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သီးသန့်အမည် ဖြည့်စွက်ခြင်း အတွက် ဟောင်ကောင်ဒေါ်လာ (၃၀ဝ) ကောက်ခံပါသည်။
- - ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင် (၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ (၁)စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- - ID Card Copy
- - အမည်ဖြည့်စွက်လိုသည့် နာမည်အထောက်အထား မူရင်း+မိတ္တူ (မွေးစာရင်း၊ သန်းခေါင်စာရင်း၊ အမည်ပြောင်းထားသည့်စာ)
ဝင်ငွေခွန် ထမ်းဆောင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၁-၁၂-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၇/ ၂၀၁၁ အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ဝင်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန်ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ)အရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါသည်။ သို့ရာတွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ဝင်ငွေခွန်ကို အပြည့်အဝထမ်းဆောင်ရန် လိုအပ်ပါသည်။ ဝင်ငွေခွန် ထမ်းဆောင်ရန် ကျန်ရှိနေသေးသူများအတွက် ကာယကံရှင်၏ မြန်မာနိုင်ငံကူးလက်မှတ် မူရင်း+ မိတ္တူ၊ ID Card + Copy၊ ယခင် အခွန်ထမ်းဆောင်ခဲ့သည့် ပြေစာမူရင်း၊ အလုပ်ထောက်ခံစာတို့ တင်ပြရန် လိုအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် ဒေသအလိုက် အနိမ့်ဆုံးအခြေခံလစာပေါ် မူတည်ပြီး အောက်ပါအတိုင်း ဝင်ငွေခွန်ကောက်ခံပါသည်။
၁၉-၈-၂၀၁၁ ရက်နေ့မတိုင်မီကာလအတွက်
ဒေသ | သတ်မှတ်ထားသည့် လစာ (ဟောင်ကောင်ဒေါ်လာ) | တစ်လလျှင် ကောက်ခံသည့်နှုန်း |
---|---|---|
ဟောင်ကောင် | ၃၅၀ဝ | ၁၀% |
မကာအို | ၂၅၀ဝ | ၁၀% |
ထိုင်ဝမ် | ၂၅၀ဝ | ၁၀% |
၁၉-၈-၂၀၁၁ မှ ၃၁-၁၁-၂၀၁၁ ရက်နေ့ကာလအတွက်
ဒေသ | သတ်မှတ်ထားသည့် လစာ (ဟောင်ကောင်ဒေါ်လာ) | တစ်လလျှင် ကောက်ခံသည့်နှုန်း |
---|---|---|
ဟောင်ကောင် | ၃၅၀ဝ | ၂% |
မကာအို | ၂၅၀ဝ | ၂% |
ထိုင်ဝမ် | ၂၅၀ဝ | ၂% |
ကျောင်းသားများအနေဖြင့် အခွန်ဆောင်ရန် မလိုအပ်သော်လည်း အသက် (၂၅)နှစ်ပြည့် ကျောင်းသားများအနေဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် အသက် (၂၅)နှစ်ပြည့်သော ကျောင်းသားများအနေဖြင့် အခွန်ဆောင်ရန် မလိုအပ်သော်လည်း ၂၀၁၁ ခုနှစ် တွင် အသက်(၂၅)နှစ် ပြည့်ထားသူများအနေဖြင့် ယင်းကာလအတွက် အခွန်ဆောင်ရန်လိုအပ်ပါမည်။
ဝင်ငွေခွန် ထမ်းဆောင်ခြင်းမရှိကြောင်း ထောက်ခံစာ လျှောက်ထားခြင်း
ဝင်ငွေခွန် ထမ်းဆောင်ခြင်းမရှိကြောင်း ထောက်ခံစာများကို အောက်ပါအတိုင်း လျှောက်ထားနိုင်ပါကြောင်းနှင့် ထောက်ခံစာကြေး ဟောင်ကောင်ဒေါ်လာ (၁၀ဝ) ကောက်ခံပါသည်-
- - မှီခိုသူ ဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှီခိုသူဖြစ်ကြောင်းနှင့် တော်စပ်ကြောင်း အထောက်အထားမိတ္တူ
- - ပင်စင်စားဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ပင်စင်စားဖြစ်ကြောင်း အထောက်အထားမိတ္တူ
- - ကျောင်းသားဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ကျောင်းထောက်ခံစာ
အထွေထွေ
မြန်မာနိုင်ငံသား ခိုင်မာမှုအတွက် ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားချက်များအရ မြန်မာနိုင်ငံကူးလက်မှတ် လဲလှယ်ရန် လျှောက်ထားလာပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံသားများ၏ သက်ဆိုင်ရာဒေသနေထိုင်ခွင့်လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များအား တိုက်ဆိုင်စစ်ဆေးလျက်ရှိပါသည်။ နိုင်ငံကူးလက်မှတ်ပါအမည်နှင့် သက်ဆိုင်ရာနိုင်ငံမှ နေထိုင်ခွင့်သက်သေခံကတ်ပြား (ID Card) ပါ အမည်များအကြား ကွဲလွဲမှုရှိပါက တစ်ဦးတည်းဖြစ်ကြောင်းအထောက်အထားအတွက် အိမ်ထောင်စုစာရင်း (သို့) သက်ဆိုင်ရာဒေသ အာဏာပိုင်ထောက်ခံချက် စသည်တို့အား တစ်ပါတည်းပူးတွဲတင်ပြရန်ဖြစ်ပါသည်။
ကောင်စစ်ဆိုင်ရာထောက်ခံချက် (ကျောင်းသားဖြစ်ကြောင်း၊ မှီခိုဖြစ်ကြောင်း) များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ကနဦးရယူသွားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးမှ နောက်ကြောင်းပြန်လျှောက်ထားမှုများအား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၆)လ ကျန်ရှိမှသာ အသစ်လဲလှယ်ပေးမည်ဖြစ်ပါသည်။ သက်တမ်း (၆)လနှင့်အထက် သက်တမ်းကျန်ရှိသူများအား ခိုင်လုံသည့်အကြောင်းပြချက်ရှိမှသာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်များတွင် သက်တမ်းတိုးထားသည့် တုံးအတုများအား စိစစ်လျက်ရှိရာ တွေ့ရှိရပါက သတ်မှတ်ဒဏ်ကြေး (ဟောင်ကောင်ဒေါ်လာ ၃၁၀ဝ) ပေးဆောင်ရမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။
ကောင်စစ်ဌာန
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်